မန်ယူအသင်းခေါင်းဆောင် ဗလင်စီယာ ဒဏ်ရာကြောင့် ၄ ပွဲဆက် လွဲချော်မည်

မန်ယူအသင်းခေါင်းဆောင် ဗလင်စီယာဟာ တံကောက်ကြောဒဏ်ရာကြောင့် ပွဲစဉ် ၄ ပွဲ လောက်လွဲချော်မယ်လို့ နည်းပြမော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ လာမယ့် ခရစ္စမတ်ပွဲကျပ်ကာလမှာ လက်စတာ၊ ဘန်လေ၊ ဆောက်သမ်တန်၊ အဲဗာတန်အသင်းတွေနဲ့ တစ်ပတ်အတွင်း ၄ ပွဲကစားရမှာဖြစ်ပြီး အဲဒီပွဲတွေမှာ ဗလင်စီယာ လွဲချော်တော့မှာပါ။ ဗလင်စီယာဟာ ၀က်စ်ဘရွန်းကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ မန်ယူအသင်းမှာ နောက်ခံလူ ဘိုင်ယီဟာလည်း ခြေကျင်းဝတ်ဒဏ်ရာ မသက်သာတာကြောင့် ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်လို့ နောက်ထပ် ၂ လလောက် ဆက်ပြီး အနားယူရမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကာရစ်နဲ့ ဖယ်လိုင်နီတို့ဟာလည်း ဒဏ်ရာရနေတာကြောင့် ခရစ္စမတ်ပွဲကျပ်ကာလမှာ အခက်တွေ့ဖွယ်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up