A d v e r t i s e m e n t With Us

အမြန်လမ်းတွင် ကားတစီး အရှိန်လွန် လမ်းဘေးတန်းကို ၀င်တိုက်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၁၅/၇ နဲ့ ၂၁၆/၀ အကြား ဒီနေ့မနက် အစောပိုင်းက မတ်တူးကားတစီး အရှိန်လွန်ကာ လမ်းတဖက်ယာဉ်ကြောရှိ ဘားတန်းကို တိုက်မိပြီး ကားပေါ်ပါ လူ ၅ ဦး ဒဏ်ရသွားတယ်လို့ ပန်းတင်အမြန်လမ်းရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ နေပြည်တော်ကနေ မန္တလေးကို တင်ထွဋ်ဝင်း မောင်းလာတဲ့ မတ်တူးကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကျော်တက်သွားပြီး တဖက်ယာဉ်ကြောရှိ မြေသားလမ်းမှာ ကာထားတဲ့ အလူမီနီယမ်ဘားတန်းကိုတိုက်မိပြီး ကားပေါ်ပါလာတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ပန်းတင်ရဲစခန်း အမှုစစ်ရဲအရာရှိက “ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ မီးသတ်တပ်ဖွဲ့နဲ့ အခင်းဖြစ်နေရာ သွားခဲ့တယ်။ ကားပေါ်ပါသူအားလုံး ဒဏ်ရာရကြတယ်။ အားလုံးကတော့ ရန်ကုန်၊ တာမွေမြို့နယ်မှာနေသူတွေပါ။ ကားကတော့ ၁၅ သိန်ဖိုးလောက်ပျက်သွားတယ်။ တပ်ဖွဲ့ပိုင်ကားနဲ့ပဲ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။ ဒေသခံတဦးက “အရှိန်က အရမ်းများတယ်။ လမ်းလယ်ကျွန်းကိုတောင် ကျော်တက်သွားပြီး တဖက်လမ်းက မြေသားမှာကာထားတဲ့ ဘားတန်းကိုတိုက်မှရပ်တယ်။ ဘားတန်းမရှိရင် မရပ်လောက်ဘူး၊ ကားကတော့ စက္ကူကို ချေလိုက်သလိုပဲ ဖြစ်သွားတယ်” လို့ ပြောပါတယ်။ အမြန်လမ်းပန်းတင်ရဲစခန်းက ကိုတင်ထွဋ်ဝင်းကို ယာဉ်မဆင်မခြင်ပေါ့ဆစွာ မောင်းလို့ သာမန်ဒဏ်ရာရမှု၊  ပြင်ထန်းဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up