အတက်ရောဂါ ကုသနိုင်ရန် အတက်ရောဂါအထောက်ကူပြုအဖွဲ့ ဖွဲ့စည်း

2K
အတက်ရောဂါတွေကို ထိထိရောက်ရောက်ကုသနိုင်ဖို့အတွက် မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်အရ အတက်ရောဂါအထောက်အကူအပြုအဖွဲ့ကို စတင်ဖွဲ့စည်းနေပြီ ဖြစ်ပါတယ်။
ဒီအဖွဲ့က အဓိကအားဖြင့် အသိပညာဖြန့်ဝေတာ၊ ကုသမှုခံယူနနိုင်အောင် ဆက်သွယ် ဆောင်ရွက်ပေးတာ၊ ရောဂါကြောင့်ကြုံတွေ့နေရတဲ့ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို တိုင်ပင်ဆွေးနွေးအဖြေရှာတာတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီအဖွဲ့ကို ကျန်းမာရေး ဝန်ထမ်းတွေသာမကဘဲ အတက်ရောဂါရှိတဲ့ မိသားစုဝင်ပါ ပါဝင်ဖို့ အရေးကြီးတယ်လို့ အဖွဲ့ကို တည်ထောင်တဲ့သူတွေက ပြောပါတယ်။
ဒီအဖွဲ့မှာ ပါဝင်လိုတယ်ဆိုတော့ ၀၉၂၅၉၂၈၆၆၈၀၊ ၀၉၂၆၄၇၇၃၂၇၇၊ ၀၉၅၆၀၀၁၇၉ နဲ့ ၀၉၉၇၄၂၈၆၀၈၉ တို့ကို ဆက်သွယ်ပါဝင်နိုင်ပါတယ်။