ဂိုးဒါဇင်ဝက်သွင်းယူပြီး သရေကျခဲ့သည့် အာဆင်နယ်နှင့်လီဗာပူး (ရုပ်သံ)
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အသင်းကြီး အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နှစ်ဖက် သွင်းဂိုး ဒါဇင်ဝက် သွင်းယူပြီး သရေတမှတ်စီ ခွဲယူခဲ့ကြပါတယ်။
အာဆင်နယ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုမှာလည်း အိမ်ရှင်အသင်းက အနည်းငယ် အသာစီးယူကစားနိုင်ခဲ့ပါတယ်။
ဧည့်သည်လီဗာပူးအသင်းရဲ့ နာမည်ကြီးကစားသမား ကော်တင်ဟိုက ပထမပိုင်း ၂၆ မိနစ်မှာ အဖွင့်ဂိုး အရင်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးကိုတော့ တိုက်စစ်မှူး ဆာလက်က ပွဲချိန် ၅၂ မိနစ်မှာ သွင်းယူခဲ့တာပါ။
အာဆင်နယ်အသင်းအတွက် ချေပဂိုးတွေကိုတော့ ဆန်းချက်နဲ့ ဇာကာတို့က ၅၃ နဲ့ ၅၆ မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် တတိယမြောက်ဂိုးကိုတော့ ပွဲချိန် ၅၈ မိနစ်မှာ အိုဇေးက သွင်းယူခဲ့ပါတယ်။
လီဗာပူးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၇၁ မိနစ်မှာ ဖာမီနိုက သွင်းယူပြီးနောက် ၃-၃ ဂိုးစီနဲ့ သရေကျသွားခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ လီဗာပူးက ရမှတ် ၃၅ မှတ်နဲ့ အဆင့် ၄၊ အာဆင်နယ်ကတော့ ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပါတယ်။