တောင်သာမြို့နယ်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ် ၃ လုံး မီးလောင်
DVB
·
December 22, 2017
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဖက်တောကျေးရွာမှာ ဒီနေ့မွန်းလွဲပိုင်းက မီးအားမြှင့်စက် အပူလွန်ကဲရာက နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
ဖက်တောကျေးရွာ ဒေါ်ခင်ညိုနေအိမ်မှာ မီးအားမြှင့်စက် အပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြား အိမ် ၂ အိမ်ပါ ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကို မြင်းခြုံမြို့က မီးသတ်ကား ၃ စီး၊ တောင်သာမြို့က မီးသတ်ကား ၂ စီး၊ ရေသည်ယာဉ် ၅ စီးတို့နဲ့ ရွာသူရွာသားတွေ ၀ိုင်းဝန်း မီးငြှိမ်းသတ်ခဲ့နိုင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၂ သိန်း ကျော်တယ်လို့ သိရပါတယ်။
တောင်သာမြို့မ ရဲစခန်းက အိမ်ရှင်ဖြစ်သူ ဒေါ်ခင်ညိုကို ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-ရီရီထွန်း (မြင်းခြံ )