ပရီးမီးယားလိဂ်တွင် ဆက်ရှိရေး အသင်း ၁၀ သင်း အပြင်းအထန် ရုန်းကန်ရဖွယ်ရှိ

1.6K
လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ကျန်ရှိနေရေးအတွက် လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၁ နေရာကနေ အဆင့် ၂၀ ထိရောက်နေတဲ့ အသင်း ၁၀ သင်းဟာ ရုန်းကန်ရဖွယ် ရှိနေပါတယ်။
အဆင့် ၁၁ နေရာက ဟတ်ဒါဖီးလ်တောင်းနဲ့ အဆင့် ၂၀ နေရာက ဆွမ်ဆီးအသင်းတို့ဟာ ၉ မှတ်သာ ကွာဟနေသလို အဆင့် ၁၂ နေရာက ဆောက်သမ်တန်အသင်းနဲ့ အဆင့် ၁၉ နေရာက ဝက်စ်ဘရွန်းတို့ဟာလည်း ၄ မှတ်သာ ကွာဟနေတာကြောင့် တန်းမဆင်းရရေး တိုက်ပွဲအတွက် အပြင်းအထန် ရုန်းကန်ရနိုင်ရတာပါ။
အဲဒီ ၁၀ သင်းထဲက အသင်းအများစုဟာ ထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
ဆောက်သမ်တန်၊ ဘုန်းမောက်၊ ခရစ္စတယ်ပဲလေ့စ်၊ ဆွမ်ဆီးအသင်းတွေကတော့ အာဆင်နယ်၊ စပါး၊ အဲဗာတန်၊ လီဗာပူး အစရှိတဲ့ ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို ကျန်ပွဲစဉ်တွေမှာလည်း အခြေအနေတူ ရမှတ်မကွာတဲ့ အသင်းတွေနဲ့ ပြန်လည်တွေ့ဆုံနေလို့ ရာသီပြီးဆုံးတဲ့ အချိန်ထိ အကြိတ်အနယ်ရှိနေမှာဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။