Home
မြန်မာသတင်း
ငနောင်မုန်းရေနံမှော်တွင် ရေနံလှောင်ကန်နှင့် တဲအိမ်တလုံး မီးလောင်
DVB
·
December 22, 2017
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ငနောင်မုန်းရေနံမှော်တွင် ဒီနေ့မနက်ပိုင်းက ရေနံခဲနေလို့ သံပူချောင်း (သံချောင်းမီးဖုတ်) ထိုးပြီး ရေနံဖျော်ရာမှ ရေနံလှောင်ကန်နဲ့ တဲအိမ်ဟောင်းတလုံး မီးလောင် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ရေနံမကျေးရွာအုပ်စု ဓာတ်ကုန်းရွာ ငနောင်မုန်းရေနံမှော်ဟောင်းမှာ မီးလောင်နေကြောင်း သတင်းရတဲ့အတွက် ရဲတပ်ဖွဲဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲဝင်တွေနဲ့ ပြည်သူတွေ ပူးပေါင်ပြီး သွားရောက်မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ ရေနံမ နယ်မြေမီးသတ် စခန်းမှူး မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဖြိုးမင်းထွန်းက  “ရနံစိမ်း ဆီလှောင်ထားတဲ့ ၄ ပေ ပတ်လည်မိုးကာကန်ထဲမှာ ဆောင်တွင်းဆိုတော့ ဆီတွေ ခဲနေတော့ သံချောင်းကို မီးဖုတ်ပြီး ထိုးမွှေရာကနေ စတင်လောင်ကျွမ်းတာ။ သံချောင်းအပူများကာ သံချေးတွေကပ်ပြီး မီးပွားကျတာ။ အခါတိုင်းလည်း အဲလိုထိုးမွှေတာ ဘာမှမဖြစ်ဘူး။ ၁၂ ပေပတ်လည် ၃ ပင်တဲအိမ်ဟောင်းတလုံး မီးထဲပါသွားတယ်” လို့ ပြောပါတယ်။ ဓာတ်ကုန်းရွာနေ ရေနံကျင်းပိုင်ရှင် ဦးလှညိမ်းကို ရေနံမနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ- ၂၈၅ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲအုပ်မျိုးမင်းထွန်းက ပြောပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024