ရိုဟင်ဂျာအရေး အပြုသဘောဆောင် အကူအညီပေးကြရန် တရုတ် တိုက်တွန်း
DVB
·
December 22, 2017
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား ဖြစ်ပွားနေတဲ့ ရိုဟင်ဂျာအရေးကိစ္စတွေမှာ နိုင်ငံတကာအနေနဲ့ အပြုသဘောဆောင်တဲ့ အကူအညီတွေပေးကြဖို့ တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဟွာချွန်ယင်က ပြောလိုက်တာပါ။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပြီး ပြည်တွင်းရေးကိစ္စတွေမှာ ပူးပေါင်းလုပ်ဆောင်မှုတွေ မလုပ်ဖို့ မြန်မာအစိုးရက ပိတ်ပင်ခဲ့အပြီး နောက်တနေ့မှာပဲ တရုတ်နိုင်ငံရဲ့ သဘောထားကို ခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ သမိုင်းဆိုင်ရာ အငြင်းပွားဖွယ် ရှုပ်ထွေးမှုတွေ၊ ဘာသာရေးကိစ္စတွေပါ ပါဝင်ပတ်သက်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂ နိုင်ငံကြား အပြန်အလှန် လေးစားမှုနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။