သမ္မတဟောင်း မန်းဝင်းမောင် နေအိမ် ပြန်လည်ပြုပြင်မည်
နိုင်ငံတော်သမ္မတဟောင်း မန်းဝင်းမောင် နေထိုင်ခဲ့တဲ့ အိမ်နဲ့ အစိုးရ အိမ်တော်နီကို ပြန်လည်ပြင်ဆင်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။
ဒီအိမ်တွေဟာ ရန်ကုန်တိုင်း၊ အလုံမြို့နယ်က နိုင်ငံတော် အစိုးရ ဝင်းအတွင်းမှာ ရှိပြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို မနေ့ညနေပိုင်းက တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ပြီးတော့ ပြုပြင်ဖို့ တာဝန်ယူထားတဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဝန်ကြီးဟာ အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းမက အစိုးရ စက်မှုလက်မှုသိပ္ပံ(အင်းစိန်) ဂျီတီအိုင်ကျောင်း အကြီးစား ပြင်ဆင်မွမ်းမံတည်ဆောက်ဖို့ လုပ်ငန်း ဆောင်ရွက်ထားတဲ့ အခြေအနေတွေကိုလည်း သွားကြည့်ခဲ့တယ်လို့ ဆိုပါတယ်။
Photos : Yangon Region Government