A d v e r t i s e m e n t With Us

သမ္မတ​ဟောင်း မန်းဝင်း​မောင်​ ​နေအိမ် ပြန်​လည်​ပြုပြင်မည်

နိုင်​ငံ​တော်​သမ္မတ​ဟောင်း မန်းဝင်း​မောင်​ ​နေထိုင်​ခဲ့​တဲ့ အိမ်နဲ့ အစိုးရ အိမ်တော်နီကို ပြန်လည်ပြင်ဆင်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။ ဒီအိမ်တွေဟာ ရန်​ကုန်​တိုင်း​၊ အလုံမြို့နယ်​က နိုင်​ငံ​တော် အစိုးရ ဝင်းအတွင်းမှာ ရှိပြီး ပြန်​လည်​ပြုပြင်​မွမ်းမံတည်​​ဆောက်​ဖို့ လိုအပ်တဲ့ အခြေအနေတွေကို မနေ့ညနေပိုင်းက တိုင်းအစိုးရအဖွဲ့ လျှပ်​စစ်​၊ စက်​မှုလက်​မှုနဲ့ လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး ​ဒေါ်နီလာ​ကျော်​က သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ပြီးတော့ ပြုပြင်ဖို့ တာဝန်ယူထားတဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဝန်ကြီးဟာ အင်းစိန်​မြို့နယ်​ ​အောက်​မင်္ဂလာဒုံလမ်းမက အစိုးရ စက်​မှုလက်​မှုသိပ္ပံ(အင်းစိန်​) ဂျီတီအိုင်​ကျောင်း အကြီးစား ပြင်​ဆင်​မွမ်းမံတည်​​ဆောက်​ဖို့  လုပ်​ငန်း​ ဆောင်​ရွက်​ထားတဲ့ အခြေအနေတွေကိုလည်း သွားကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ Photos : Yangon Region Government

A d v e r t i s e m e n t With Us

More News
Up