ကတ်တလန်ရွေးကောက်ပွဲတွင် ခွဲထွက်ရေးလိုလားသည့် ပါတီများ အမတ်နေရာအများစု အနိုင်ရ

ဓာတ်ပုံ - ရိုက်တာ
1.9K
ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ကတ်တလန်ရွေးကောက်ပွဲမှာ စပိန်နဲ့ပေါင်းစည်းရေး လိုလားတဲ့ စီယူဒယ်ဒနို (Ciudadanos) ပါတီက မဲအရေအတွက် ၂၅ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပေမယ့် စပိန်ကနေ ခွဲထွက်ရေးလိုလားတဲ့ ပါတီတွေက အမတ်နေရာအများစု ဆက်လက်အနိုင်ရရှိခဲ့ပါတယ်။
ဆန္ဒမဲ ၉၉ ဒသမ ၅ ရာခိုင်နှုန်း ရေတွက်အပြီးမှာ စီယူဒယ်ဒနိုပါတီရဲ့ မဲရရှိမှုနှုန်းဟာ ၂၅ ရာခိုင်နှုန်းအထိ ရှိခဲ့တာပါ။
အခုလို စပိန်နဲ့ပေါင်းစည်းရေး လိုလားတဲ့ ပါတီက မဲအရေအတွက် ၄ ပုံ ၁ ပုံ ရရှိခဲ့ပေမယ့် စပိန်ကနေ ခွဲထွက်လိုတဲ့ ကတ်တလန် ၃ ပါတီက အမတ်နေရာအများစု အနိုင်ရရှိခဲ့တာပါ။
ကတ်တလန်ပါလီမန်မှာ အမတ်နေရာ ၁၃၅ နေရာရှိရာမှာ ကတ်တလန်ခွဲထွက်ရေး လိုလားတဲ့ ပါတီ ၃ ပါတီရဲ့ မဲရရှိမှုက ပါလီမန်အမတ်နေရာ အများစုကို ရရှိခဲ့တာပါ။
မဲပေးနိုင်သူလူဦးရ ၅ ဒသမ ၅ သန်းရှိတဲ့ ကတ်တလန်ရွေးကောက်ပွဲမှာ မဲပေးသူ ၈၄ ရာခိုင်နှုန်းရှိပြီး မဲပေးသူအရေအတွက် အများဆုံးဖြစ်တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူဦးရေရဲ့ ၇၄ ဒသမ ၉ ရာခိုင်နှုန်းသာ မဲပေးခဲ့တာဖြစ်ပါတယ်။