A d v e r t i s e m e n t With Us

အသက် ၈၀ ပြည့်သော်လည်း သရုပ်ဆောင်နေသေးသည့် အော်စကာဆုရှင် ဂျိန်းဖောင်ဒါ

ဓာတ်ပုံ - ရိုက်တာ
အော်စကာနှစ်ဆုရှင် ရုပ်ရှင်မင်းသမီး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူနဲ့ အေရိုးဗစ်ဘုရင်မ ဆိုပြီး ကျော်ကြားတဲ့ ဂျိမ်းဖောင်ဒါဟာ ဒီဇင်ဘာ ၂၁ ရက်နေ့က အသက် ၈၀ ပြည့်ခဲ့ပါတယ်။ ဂျိမ်းဖောင်ဒါဟာ ၁၉၇၁ ခုနှစ်မှာ "Klute" ဇာတ်ကားနဲ့ ပထမဆုံး အော်စကာဆု ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၈ ခုနှစ်မှာ "Coming Home" ဇာတ်ကားနဲ့ ဒုတိယ အော်စကာဆုကို ရရှိခဲ့ပါတယ်။ ဂျိန်းဖောင်ဒါဟာ ၁၉၇၀ ဝန်းကျင်လောက်က ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ဂျိန်းဖောင်ဒါ အေရိုးဗစ်သင်တန်း အောင်မြင်မှု ရရှိပြီးနောက် ၁၉၈၀ ဝန်းကျင်မှာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်ခဲ့ပါတယ်။ အခုအခါ ဂျိန်းဖောင်ဒါဟာ Netflix ရုပ်သံစီးရီး "Grace and Frankie" ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်လျက်ရှိပြီး အဲဒီဇာတ်လမ်းရဲ့ season 4 ဟာ လာမယ့် ဇန်နဝါရီ ၁၉ ရက်နေ့မှာ ထွက်ရှိမှာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up