A d v e r t i s e m e n t With Us

ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၃ နှစ်ပြည့်အထိမ်းအမှတ် ကြေးနီစီမံကိန်းရှေ့ ဆန္ဒပြ

ဘိုးဘွားပိုင် လယ်ယာမြေ ကာကွယ်ရင်း အသက်ပေးခဲ့ရတဲ့ ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှေ့မှာ ဒေသခံ ၅၀ ကျော် ဒီနေ့မနက် ၁၀ နာရီလောက်က ဆန္ဒပြခဲ့ကြပါတယ်။ ဒီနေ့အချိန်ထိ ဒေါ်ခင်ဝင်းကို သတ်တဲ့တရားခံ မဖော်ထုတ်နိုင်သေးတာ၊ အစားထိုးမြေယာ ဧက ၁၉၀၀ မဖော်ထုတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကို လိုက်နာခြင်းမရှိတာ စတာတွေနဲ့ပတ်သက်ပြီး ကြွေးကြော်တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကလည်း လာရောက် တားဆီးခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ဒေါ်ခင်ဝင်း သတ်တဲ့ တရားခံဖော်ထုတ်ပေးဖို့နဲ့ ပတ်သက်ပြီးတော့လည်း တောင်းဆိုခဲ့ကာ နိုင်ငံတော်သီချင်း သံပြိုင်ဆိုပြီး နာရီဝက်ခန့်အကြာမှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up