A d v e r t i s e m e n t With Us

တိုးတက်သော ဒီမိုကရေစီ အင်အားစုကွန်ရက် စတင်ဖွဲ့စည်း

နိုင်ငံရေးအင်အားစု ၃၉ ခု ချိတ်ဆက်ထားတဲ့ တိုးတက်သော ဒီမိုကရေစီအင်အားစု ကွန်ရက်ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ UNA အဖွဲ့ဝင် ပါတီတွေ၊ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်နေတဲ့ အင်အားစုတွေ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အင်အားစုတွေ စုစုပေါင်း အင်အားစု ၃၉ ခု စုစည်းထားတဲ့ ကွန်ရက်ကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စတင်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦအောင်မိုးဇော်က ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ပြုလုပ်ခဲ့တဲ့ လက်ရှိ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဦအောင်မိုးဇော်က အတည်ပြု ပြောဆိုခဲ့တာ ဖြစ်ပြီး မြေပြင်က ပြဿနာတွေကို တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကူအညီနဲ့ လွှတ်တော်မှာ တင်ပြနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ လူ့ဘောင်သစ်ဒီမိုကရေတစ်ပါတီ၊ ၇၄၊၇၅၊၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ တသီးပုဂ္ဂလ နိုင်ငံရေးသမားတွေ ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အခု ပြုလုပ်တဲ့ ဆွေးနွေးပွဲက ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးပွဲကို သြဂုတ်လမှာ ပြုလုပ်ခဲ့တာပါ။ ကွန်ရက်ဖွဲ့စည်းတာနဲ့ပတ်သက်ပြီး ဆိုရှယ်ဒီမိုကရက်တစ်တပ်ဦးက ကိုကျော်ကိုကိုက NLD အစိုးရကို ဆန့်ကျင်ဖို့ ရည်ရွယ်ဖွဲ့စည်းတာ မဟုတ်ဘဲ ဒီမိုကရက်တစ် အားကောင်းလာဖို့ကိုသာ ရည်ရွယ်တယ်လို့ ပြောဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up