A d v e r t i s e m e n t With Us

တောင်တွင်းကြီးတွင် အမျိုးသားတဦး ရေနစ်သေဆုံး

မ​ကွေးတိုင်း​ဒေသကြီး၊ ​တောင်​တွင်းကြီးမြို့အ​ရှေ့ဘက်​  ရတနာပွင့်လှကန်​​တော်​ကြီးကန်​အတွင်းမှာ  ဒီဇင်​ဘာ ၂၁ ရက်​ ည​နေပိုင်းက အမျိုးသားတဦး ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါ တယ်။ ဖြစ်စဉ်မှာ အမျိုးသားစီး ​ဖိနပ်​တရန် ကမ်းစပ်​မှာတွေ့လို့ ​ရေထဲ ဆင်းသွားတယ်လို့ ယူဆရ​ပြီး သက်ဆိုင်​ရာကို အ​ကြောင်းကြားလာလို့ ​မြို့မရဲစခန်း တာဝန်ရှိသူတွေ၊ အုပ်​ချုပ်​​ရေးပိုင်း တာဝန်​ရှိသူတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေ ​ရောက်​ရှိလာကြပြီး ​ရေနစ်​​နေတဲ့ အမျိုးသားကို ရှာ​ဖွေဆယ်​ယူ​ပေးခဲ့ပြီး စိတ္တသုခ လူမှုကူညီ​ရေးအသင်းပိုင်​ နိဗ္ဗာန်​ယာဉ်နဲ့ ​ရင်​ခွဲရုံကို ပို့​ဆောင်​​ပေးခဲ့​တယ်လို့ သိရပါတယ်။ ရေနစ်​​သေဆုံးသူမှာ ​​တောင်​တွင်းကြီးမြို့ အုန်း​တောရပ်ကွက်နေ ​မောင်​​ဝေယံထွန်း (၂၁-နှစ်) ​ဖြစ်​​တယ်လို့ သိရှိရပြီး မြို့ရိုးကုန်းလမ်း​ရှိ အ​ဒေါ်ဖြစ်​သူအိမ်​ကို လာ​ရောက်​​နေထိုင်​ရာမှ ကန်​​တော်​ကြီး​ဘောင်​​ပေါ်ကို တက်​သွားခဲ့ကာ အခုလို ရေနစ်​​သေဆုံးခဲ့တာလို့ သိရပါတယ်။ တောင်တွင်းကြီး မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးသိန်းထွန်းက တရားလိုပြုလုပ်ပြီး သေမှုသေခင်း အမှတ် (၁၄/၂၀၁၇) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - သားကြီး(​တောင်​တွင်းကြီး)

A d v e r t i s e m e n t With Us

More News
Up