ဒီဇင်ဘာ ၂၂ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
December 22, 2017
ဒီဇင်ဘာ ၂၂ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၆၄ ကျပ်၊ ၁ ယူရိုငွေကို ၁၆၁၅ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၀၁၄ ဒသမ ၄ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၂၀၃ ဒသမ ၂ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၀၇ ဒသမ ၁၅ ကျပ်၊ အင်ဒိုနီးရှား ရူပီးရား ၁၀၀ ကို ၁၀ ဒသမ ၀၅ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၃၄ ဒသမ ၃၅ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၁ ဒသမ ၆၉ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၁၉၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၁၉၄၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၆၆ ဒေါ်လာ ဈေးပေါက်ပါတယ်။