ပင်လယ်ပြင်တွင် ကျားဖောင် ၁၃ ဖောင်နှင့် အလုပ်သမား ၃၉ ဦး မျောပါပျောက်ဆုံးနေ
DVB
·
December 22, 2017
ဧရာဝတီတိုင်းဒေသကြီး အမာမြို့ ခါးပြတ်ကျေးရွာမှာ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက ပင်လယ်ပြင်မှာ ငါး၊ ပုစွန် ဖမ်းဆီးတဲ့ ကျားဖောင် ၁၃ ဖောင်နဲ့ အလုပ်သမား ၃၉ ဦး ပင်လယ်ထဲ မျောပါ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂ဝ ရက်မနက်ပိုင်းက ဦးအောင်ခင် ပိုင်ဆိုင်တဲ့ ကျားဖောင် ၆ ဖောင် လေပြင်းတိုက်ခတ်မှုကြောင့် ကြိုးပြတ်ပြီး မျောပါသွားခဲ့ပါတယ်။ ကျားဖောင်တဖောင်မှာ အလုပ်သမား သုံးဦးစီ ပါရှိသောကြောင့် လူ ၁၈ ဦး ပျောက်ဆုံးနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာပဲ လူ ၂၁ ဦးပါ ကျားဖောင် ၇ ဖောင် ထပ်မံပျောက်ဆုံးခဲ့လို့ စုစုပေါင်း ကျားဖောင် ၁၃ ဖောင်နဲ့ အလုပ်သမား ၃၉ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
Photo : MOI Webportal Myanmar