A d v e r t i s e m e n t With Us

မန်ယူနှင့် မန်စီးတီးကို အက်ဖ်အေ အရေးယူမည်မဟုတ်ဟု ကြေညာ

မန်ယူ-မန်စီးတီး ဒါဘီပွဲစဉ်အပြီး ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ မန်ယူနဲ့ မန်စီးတီးအသင်းတွေကို အရေးယူမှုလုပ်မှာ မဟုတ်ဘူးလို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။ ဒီဇင်ဘာ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ဒီနှစ်သင်းရဲ့ ပရီးမီးယားလိဂ် ဒါဘီပွဲစဉ်အပြီး နှစ်ဖက်အသင်း ကစားသမားတွေနဲ့ အသင်းတာဝန်ရှိသူတွေဟာ အဝတ်လဲခန်း အပြင်ဘက်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး မန်ယူနည်းပြ မော်ရင်ဟို၊ မန်စီးတီး လက်ထောက်နည်းပြ အာတီတာတို့ ရေဘူးထိမှန်ခဲ့သလို ကစားသမားအချင်းချင်းလည်း လက်သီးနဲ့ထိုးတဲ့အထိ ခိုက်ရန်ဖြစ်ခဲ့ကြတာပါ။ ကလပ်အသင်းနှစ်သင်းက တာဝန်ရှိသူတွေနဲ့ အပြင်က မျက်မြင်သက်သေတွေကို မေးမြန်းစုံစမ်းပြီး အခုလို အရေးမယူဖို့ ဆုံးဖြတ်ခဲ့တာလို့ အက်ဖ်အေက ဆိုပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုရဲ့ ပွဲအကြို ပြောကြားခဲ့တဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီးတော့လည်း အရေးမယူဘူးလို့ ပြောပေမယ့် အက်ဖ်အေက မော်ရင်ဟိုကို သတိပေးမှုတော့ ပြုလုပ်ခဲ့ပါတယ်။ မော်ရင်ဟိုက မန်စီးတီးနဲ့ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ မန်စီးတီး ကစားသမားတွေဟာ ကွင်းအတွင်း အလွယ်တကူ လှဲချတတ်သလို သူတို့ရဲ့ ပရိယာယ်သုံးပြီး ပြစ်ဒဏ်ဘောရအောင် ပြုလုပ်မှုတွေကို ဒိုင်လူကြီးတွေအနေနဲ့ နားလည်ဖို့ လိုတယ်လို့ ပြောခဲ့တာပါ။ ဒီဇင်ဘာ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူ-မန်စီးတီး ပရီးမီးယားလိဂ် ဒါဘီပွဲစဉ်မှာ မန်စီးတီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေရာ ဒုတိယနေရာက မန်ယူကို ၁၁ မှတ်အထိ ဖြတ်ထားနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up