စပိန်မှခွဲထွက်ရန် ကြိုးစားခဲ့သည့် ကတ်တလန်ဒေသ ရွေးကောက်ပွဲ စတင်ပြုလုပ်

စပိန်ကနေခွဲထွက်ဖို့ ကြိုးစားခဲ့တဲ့ ကတ်တလန်ဒေသ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
လူထုစစ်တမ်း ရလဒ်တွေအရ အခုရွေးကောက်ပွဲမှာ စပိန်ကနေ ခွဲထွက်လိုတဲ့ ပါတီနဲ့ စပိန်နဲ့ ပူးတွဲနေလိုတဲ့ ပါတီတွေအကြား ပြတ်ပြတ်သားသား အနိုင်မရနိုင်တာ တွေ့ရပါတယ်။
ရွေးကောက်ပွဲရလဒ်ဟာ ပြတ်ပြတ်သားသားမရှိတဲ့ ကတ်တလန်ပါလီမန်သာ ဖြစ်လာဖွယ်ရှိနေပြီး အစိုးရဖွဲ့ဖို့ရာမှာလည်း သီတင်းပတ်များစွာ ကြာမြင့်နို်င်ပါတယ်။
ကတ်တလန်ဒေသကို စပိန်ကနေခွဲထွက်ဖို့ ကြိုးပမ်းချက်တွေကြောင့် မသေချာ မရေရာမှုတွေ ရှိနေတဲ့ ကတ်တလန်ဒေသမှာ ဟိုတယ်တွေ လူဝင်ရောက်တည်ခိုနှုန်း ကျဆင်းခဲ့သလို စားသုံးကုန်စည် ရောင်းချရမှုကိုလည်း ထိုင်းမှိုင်းစေခဲ့တာပါ။
ကတ်တလန်မြို့မှာ မှတ်ပုံတင်ထားတဲ့ စီးပွားရေးလုပ်ငန်း ၃ ထောင်ကျော်ဟာလည်း သူတို့ရဲ့ရုံးချုပ်တွေကို ကတ်တလန်ဒေသကနေ ရွှေ့ပြောင်းသွားခဲ့ကြပါတယ်။
ကတ်တလန်လွတ်လပ်ရေး ကြိုးပမ်းချက်ကြောင့် ကတ်တလန် လူ့အဖွဲ့အစည်းကြားမှာလည်း စပိန်ကနေ ခွဲထွက်လိုသူနဲ့ စပိန်နဲ့ ပေါင်းစည်းလိုသူတွေအကြား ခါးသီးတဲ့ ကွဲပြားမှုတွေ ဖြစ်ပွားစေခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။