ရန်ကုန်တွင် ခရစ္စမတ်ပွဲတော် ၃ ရက်တိုင် ကျင်းပမည်
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၃၊ ၂၄၊ ၂၅ ရက်နေ့တွေမှာ ဗိုလ်ချုပ်လမ်းမ Junction City ရှေ့၊ မြို့တော်ခန်းမရှေ့နဲ့ သခင်မြပန်းခြံတို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အစီအစဉ်မှာ ခရစ္စမတ် Carol တေးသီချင်းတွေနဲ့ အနုပညာရှင်တွေက သီဆို ချီးမွမ်းတာတွေ၊ အစားအသောက်၊ အလှူဒါနနဲ့ ခရစ္စမတ်လက်ဆောင်တွေ ဝေငှသွားမှာ ဖြစ်ပါတယ်။
အခုလို ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်ကို ကျင်းပတာဟာ ခရစ်တော်မွေးနေ့ပွဲတော်ကို တခြားဘာသာဝင်တွေက လေ့လာနိုင်ဖို့နဲ့ ဘာသာတရားများအချင်းချင်း ငြိမ်းချမ်းရေးနဲ့အတူ လက်တွဲနေထိုင်ရေးကို အထောက်အကူပြုဖို့ ရည်ရွှယ်တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီက ဒီဗွီဘီကို ပြောပါတယ်။