တနှစ်ပွဲပယ်ခံထားရသည့် ပီရူးအသင်းခေါင်းဆောင်ကို ဖီဖာ ၆ လ ပြစ်ဒဏ်လျှော့ချ

250
ကိုကင်းသုံးစွဲမှုကြောင့် တနှစ်ပွဲပယ်ခံထားရတဲ့ ပီရူးအသင်းခေါင်းဆောင် ဂွါရဲရိုးကို ဖီဖာက ၆ လပြစ်ဒဏ် လျှော့ချလိုက်ပါတယ်။
အသက် ၃၃ နှစ်ရှိ ပီရူးတိုက်စစ်မှူး ဂွါရဲရိုးဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ဖြစ်တဲ့ အာဂျင်တီးနားနဲ့ တဂိုးစီ သရေကျအပြီးမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိမရှိ စစ်ဆေးခံခဲ့ရတာဖြစ်ပြီး ကိုကင်းသုံးစွဲတယ်လို့ ဆေးစစ်ချက် ပေါ်ပေါက်ခဲ့တာကြောင့် တနှစ်ပွဲပယ် ချမှတ်ခံထားရတာပါ။
ဒီလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာကြောင့် နယူးဇီလန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play Off ပွဲကို လွဲချော်ခဲ့ပေမယ့် ပီရူးအသင်းက အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
၆ လပွဲပယ်ပြစ်ဒဏ်ပဲ ကျခံရတော့မှာဖြစ်လို့ ဂွါရဲရိုးအနေနဲ့ လာမယ့် ဇွန်လအတွင်း ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။
ပီရူးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်၊ သြစတြေးလျ၊ ဒိန်းမတ်တို့နဲ့ အုပ်စု စီ မှာ တွေ့ဆုံနေပါတယ်။