လယ်ကွက်များမီးရှို့ရာမှာ အမျိုးသားတဦး မီးလောင်သေဆုံး
DVB
·
December 21, 2017
တိုက်ကြီးမြို့နယ်၊ ဥက္ကံကုန်းကျေးရွာမှာ ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက လယ်ကွက်တွေမီးရှို့ရာမှ မီးငြိမ်းသတ်တဲ့ အမျိုးသားတဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်း အမူစစ်ဒုရဲအုပ် နေသူရှိန်မင်းက ပြောပါတယ်။
“သူ့လယ်တွေထဲ့က ရိုးပြတ်တွေကို နွေစပါးစိုက်ပျိုးဖို့ မီးရှို့ချိန် ဘေးနားမှာရှိတဲ့ ကောက်ရိုးပုံကို မီးကူးစက်လောင်ကျွမ်းတာပါ။ သူကကောက်ရိုးပုံ မီးလောင်မှာစိုးပြီး မီးဝင်သတ်တာ။ အဲဒီအချိန်သူက ကောက်ရိုးပုံနဲ့ ရိုးပြတ်ကြားရောက်သွားပြီး မီးလောင်သေဆုံးခဲ့တာပါ။ အသက်ကလည်းကြီးပြီ၊ မီးခိုးကလည်းမွှန်၊ သူ့ကိုပါမီးစွဲလောင်တော့ မပြေးနိုင်တာဖြစ်ပြီး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ” လို့ ပြောပါတယ်။
သေဆုံးသူမှာ ဥက္ကံကံကုန်းကျေးရွာနေ ဦးသိန်းအောင် (၇၇)နှစ် ဆိုသူဖြစ်ပြီး မီးအားပေါ့ဆစွာအသုံးပြုခဲ့မူကြောင့် မိမိခန္ဓာကိုယ်ကို မီးကူးစက်လောင်ကျွမ်းပြီး သေဆုံးအောင်ပြုလုပ်ခဲ့လို့ ဥက္ကံနယ်မြေရဲစခန်း ဒုရဲအုပ်နေသူရှိန်မင်းက တရားလိုပြုလုပ်ပြီး အမူဖွင့်အရေးယူထားပါတယ်။