A d v e r t i s e m e n t With Us

လိဂ်ဖလား ဆီမီးဖိုင်နယ်တွင် ချဲလ်ဆီးနှင့် အာဆင်နယ် ထိပ်တိုက်တွေ့

ကာရာဘောင် လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ချဲလ်ဆီးနဲ့ အာဆင်နယ် ထိပ်တိုက် တွေ့ဆုံသွားပါတယ်။ တခြားဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ မန်စီးတီးက မန်ယူကိုကျော်ဖြတ်လာတဲ့ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ်စီးတီးအသင်းနဲ့ တွေ့ဆုံပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို နှစ်ကျော့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပထမအကျော့ ပွဲစဉ်တွေအဖြစ် ဇန်နဝါရီ ၈ ရက်မှာ ချဲလ်ဆီးက အိမ်ကွင်းမှာ စတင်ကစားရမှာဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်ကျရင် အာဆင်နယ်ကွင်းမှာ ပြန်လည်ကစားရမှာပါ။ ဇန်နဝါရီ ၉ ရက်မှာ မန်စီးတီးက ဘရစ္စတိုးလ်စီးတီးကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်မှာ အဝေးကွင်းပွဲစဉ်အဖြစ် ပြန်လည်ရင်ဆိုင်ရမှာပါ။ ဗိုလ်လုပွဲကိုတော့ လာမယ့်နှစ် ဖေဖော်ဝါရီ ၂၅ ရက် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up