နီပေါနိုင်ငံတောင်ပိုင်း ဘာဂန်ဂျေမြို့က ဂက်စ်အိုးစက်ရုံတရုံမှာ ဒီဇင်ဘာ ၂၀ ရက်နေ့က မီးလောင်မှုဖြစ်ပြီး မီးသတ်သမား ၂ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူ မီးသတ်သမား ၂ ဦးဟာ မီးငြှိမ်းသတ်ဖို့ကြိုးပမ်းစဉ် သေဆုံးခဲ့တာဖြစ်ပြီး နောက်ထပ်လူတချို့လည်း ဒဏ်ရာရခဲ့ကြပါတယ်။
မီးလောင်နေတုန်း ဂက်စ်အိုးတွေ ပေါက်ကွဲခဲ့တဲ့အတွက် မီးသတ်သမားတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေ မီးငြှိမ်းသတ်ဖို့ အခက်တွေ့ခဲ့ရပါတယ်။
အဲဒီဂက်စ်အိုးစက်ရုံဟာ အိန္ဒိယနယ်စပ်မြို့အနီးမှာ ရှိတာကြောင့် မီးလောင်ရာကို အိမ်နီးချင်း အိန္ဒိယမီးသတ်တပ်ဖွဲ့ပါ လာရောက်ကူညီခဲ့ပါတယ်။
စက်ရုံအတွင်းက ဂက်စ်အိုးတွေ ပေါက်ကွဲခဲ့ပြီးနောက် အနီးဝန်းကျင်ရွာတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။