ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာနှင့်ထိုင်း တတိယနေရာလုမည်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
1.6K
ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ မြန်မာယူ-၂၁ အသင်းက ထိုင်းယူ-၂၁ အသင်းနဲ့ တတိယလုပွဲ ကစားရမှာ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်ကို လာမယ့် ဒီဇင်ဘာ ၂၂ ရက် ညနေ ၃ နာရီခွဲ ယှဉ်ပြိုင်ကစားကြမှာပါ။
မြန်မာယူ-၂၁ အသင်းဟာ အုပ်စုပွဲစဉ်မှာတုန်းက ထိုင်းယူ-၂၁ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
အခုပြိုင်ပွဲမှာ မြန်မာယူ-၂၁ အသင်း အပါအဝင် ဗီယက်နမ်ယူ-၂၁၊ ထိုင်းယူ-၂၁၊ ဂျပန် ကလပ် ယိုကိုဟားမား ယူ-၂၁ အသင်းနဲ့ ဗီယက်နမ်ယူ-၁၉ အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေတာပါ။
အုပ်စု ပွဲစဉ် ၄ ပွဲစီ ကစားအပြီးမှာ ယိုကိုဟားမားအသင်းက ၃ ပွဲနိုင်၊ ၁ ပွဲသရေ ရမှတ် ၁၀ မှတ်နဲ့ အုပ်စုပထမ ရခဲ့တာကြောင့် ရမှတ် ၇ မှတ်နဲ့ အုပ်စုဒုတိယရခဲ့တဲ့ ဗီယက်နမ်ယူ-၂၁ အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မြန်မာယူ-၂၁ အသင်းဟာ ထိုင်းကို အနိုင်ရခဲ့ပေမယ့် ယိုကိုဟားမားနဲ့ ဗီယက်နမ်ယူ-၂၁ အသင်းတွေကို ရှုံးနိမ့်ခဲ့ပြီး ဗီယက်နမ်ယူ-၁၉ အသင်းနဲ့ သရေကျခဲ့ပါတယ်။