ဆွမ်ဆီးနည်းပြ ပေါလ်ကလီးမန့်ကို ရာထူးမှ ထုတ်ပယ်
ပရီးမီးယားလိဂ်ကလပ် ဆွမ်ဆီးအသင်းဟာ ရလဒ်တွေ မကောင်းတဲ့အတွက် နည်းပြ ပေါလ်ကလီးမန့်ကို ထုတ်ပယ်လိုက်ပါတယ်။
နည်းပြ ပေါလ်ကလီးမန့်ဟာ သက်တမ်းတနှစ်မပြည့်ခင်မှာပဲ အထုတ်ခံလိုက်ရတာပါ။
ဆွမ်ဆီးဟာ ဒီရာသီ ကစားထားတဲ့ ပရီးမီးယားလိဂ် ၁၈ ပွဲမှာ ၃ ပွဲပဲ အနိုင်ရသေးပြီး တန်းဆင်းဇုန်ထဲက အဆင့် ၂၀ မှာ ရပ်တည်နေပါတယ်။
လောလောဆယ် ဆွမ်ဆီးဟာ လက်ထောက်နည်းပြတွေကို ယာယီနည်းပြအဖြစ် ခန့်ထားလိုက်ပါတယ်။
နည်းပြ ပေါလ်ကလီးမန့်ဟာ ဆွမ်ဆီးကို မရောက်ခင်က နည်းပြ ကားလို့စ် အန်စလော့တီရဲ့ လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။