A d v e r t i s e m e n t With Us

အီကွေဒေါရှိ မီးတောင် ပြင်းပြင်းထန်ထန်ပေါက်ကွဲကာ ချော်ရည်များ စီးထွက် (ရုပ်သံ)

အီကွေဒေါနိုင်ငံရှိ ရီဗန်တာဒေါမီးတောင်ဟာ ဒီဇင်ဘာလ အစောပိုင်းကစပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲကာ ချော်ရည်တွေ စီးထွက်နေပါတယ်။ အဲဒီမီးတောင် ပေါက်ကွဲနေပုံကို ဗြိတိန် မီးတောင်ဓာတ်ပုံသမား ဒေါက်တာရစ်ချက်ရော့စ်ကိုက မှတ်တမ်းတင်ထားနိုင်ခဲ့တာပါ။ ရော့စ်ကိုနဲ့ ဂျာမနီလူမျိုး လုပ်ဖော်ကိုင်ဘက်တို့ဟာ မီးတောင်ပေါက်ကွဲပုံကို ၃ ရက်တာ ကာလအတွင်း တမူထူးခြားတဲ့ ရိုက်ကူးရေးနည်းပညာ အသုံးပြုပြီး လအလင်းရောင်သက်သက်နဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရီဗန်တာဒေါမီးတောင်ဟာ ၂၀၀၂ ခုနှစ်က နောက်ဆုံးအကြိမ် သက်ဝင်လှုပ်ရှားခဲ့ပြီး ကြီးမားပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကာ အနီးဝန်းကျင်ရှိ ပိုက်လိုင်းတွေ ပျက်စီးခဲ့ရတယ်လို့ ရော့စ်ကိုက ဆိုပါတယ်။ ရီဗန်တာဒေါဆိုတဲ့ စကားလုံးဟာ စပိန်လို ပြဿနာအိုးလို့ အဓိပ္ပာယ်ရကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up