A d v e r t i s e m e n t With Us

တောင်ကိုရီးယား လော့တဲအုပ်စု ဥက္ကဋ္ဌ ငွေကြေးအလွဲသုံးစားမှုဖြင့် တရားရင်ဆိုင်ရမည်

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယား လော့တဲအုပ်စု (Lotte Group) ဥက္ကဋ္ဌ ရှင်ဒေါင်ဘင်ဟာ လာမယ့် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ငွေကြေးအလွဲသုံးစားမှုနဲ့ပတ်သက်ပြီး တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ရှင်ဒေါင်ဘင်ကို ဝမ်ငွေ ၅၀ ဒသမ ၈ ဘီလီယံ အလွဲသုံးစားမှု၊ မိသားစုဝင်တွေကို ပုံမှန်မဟုတ်တဲ့ ဝမ်ငွေ ၁၂၄ ဒသမ ၉ ဘီလီယံ ပေးချေမှုနဲ့ ပတ်သက်တဲ့ ယုံကြည်အပ်နှံခြင်း ဖောက်ဖျက်မှု၊ အုပ်စုကုမ္ပဏီတွေကို တရားမဝင် ထောက်ပံ့မှုတွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ အစိုးရရှေ့နေတွေက သူ့ကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ဒဏ်ငွေ ဝမ် ၁၀၀ ဘီလီယံ ပေးဆောင်ဖို့ တောင်းဆိုထားတာပါ။ ရှင်ဒေါင်ဘင်ရဲ့ ရှေ့နေကတော့ အဲဒီပေးချေမှုတွေကို ဖခင်ဖြစ်သူ ရှင်ခိုက်ဟို လုပ်ဆောင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆိုးလ်တရားရုံးဟာ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့  ဖခင်ဖြစ်သူ ရှင်ခိုက်ဟိုနဲ့ လော့တဲအုပ်စု ဒု-ဥက္ကဋ္ဌ ရှင်ဒေါင်ဂျူးတို့ကိုလည်း ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အခု တရားရင်ဆိုင်မှုဟာ ဆမ်ဆောင်းနဲ့ SK အုပ်စုတို့ အပါအဝင် သမ္မတဟောင်း ပတ်ဂွန်ဟေး ပါဝင်ပတ်သက်မှုရှိတဲ့ အကျင့်ပျက်ခြစားမှုနဲ့ မသက်ဆိုင်ဘဲ သီးခြား တရားရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up