A d v e r t i s e m e n t With Us

မိုရာတာ၏အနိုင်ဂိုးဖြင့် ဘုန်းမောက်ကိုနိုင်ပြီး ချဲလ်ဆီး ကာရာဘောင်ဖလား ဆီမီးတက် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာပဲ ချဲလ်ဆီးက ဘုန်းမောက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာပြီး ဦးဆောင်ဂိုးကို ပွဲအစ ၁၃ မိနစ်မှာပဲ ဝီလျံက သွင်းယူပါတယ်။ ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာပေမယ့် ဘုန်းမောက်က ထိုးဖောက်ကန်သွင်းခွင့် ပိုရခဲ့ပါတယ်။ ဘုန်းမောက်အတွက် ချေပဂိုးကို မိနစ် ၉၀ မှာ ဂိုစလင်းက သွင်းယူပါတယ်။ နောက်ထပ် ၁ မိနစ်လောက်မှာပဲ ချဲလ်ဆီးအတွက် အနိုင်ဂိုးကို လူစားဝင်လာတဲ့ တိုက်စစ်မှူး မိုရာတာက သွင်းယူပြီး အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက်တော့ ဒီဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို ၁၃ ကြိမ်မြောက် တက်ရောက်နိုင်တာပါ။ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးဟာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up