မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကာရာဘောင် ဖလား ကွာတားဖိုင်နယ်မှာ ဘရစ်စတော စီတီးအသင်းက နာမည်ကြီး မန်ယူကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၅၁ မိနစ်မှာ ဘရစ်စတောအသင်းက ဘရိုင်ယန်က သွင်းယူပါတယ်။
မန်ယူအတွက် ချေပဂိုးကို ၅၈ မိနစ်မှာ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက သွင်းယူပါတယ်။ ဒီပွဲမှာ မန်ယူက အဓိက ကစားသမား အများစုနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပါတယ်။
ချန်ပီယံရှစ်တန်းက ဘရစ်စတောအသင်းက အိမ်ကွင်းမှာ မန်ယူကို အပြန်အလှန် ထိုးဖောက် ကစားသွားနိုင်ခဲ့ပါတယ်။ မန်ယူက ဂိုးပေါက် ကန်သွင်းချက် ပိုရခဲ့ပါတယ်။ ဘရစ်စတောအတွက် အနိုင်ဂိုးကို နာကျင်အချိန်ပို ၉၃ မိနစ်မှာ စမစ်က သွင်းယူပြီး အနိုင်ရသွားပါတယ်။
ဒီပွဲအနိုင်ရတဲ့ ဘရစ်စတောက ကာရာဘောင် ဖလား ဆီမီးဖိုင်နယ်မှာ နာမည်ကြီး မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။