A d v e r t i s e m e n t With Us

ဘာလီကျွန်းအကျဉ်းထောင်မှ ထွက်ပြေးသည့် အမေရိကန်နိုင်ငံသားကို ပြန်ဖမ်းမိ

လွန်ခဲ့တဲ့သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အကျဉ်းထောင်ကနေ ထွက်ပြေးသွားတဲ့ အမေရိကန်နိုင်ငံသားကို ပြန်လည်ဖမ်းမိသွားပြီလို့ ဘာလီရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် အမေရိကန်နိုင်ငံသားဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ရာဇဝတ်မှုနဲ့ သံသယရှိနေသူဖြစ်ပြီး အမိန့်ချမှတ်ရခြင်း မရှိသေးပါဘူး။ အမေရိကန်နိုင်ငံသား ခရစ်ရှန်ဘီစလေက သူ ဆေးခြောက်သုံးစွဲတာနဲ့ ပတ်သက်ပြီး အမေရိကန်ကပေးထားတဲ့ ဆေးစာရှိတယ်လို့ ပြောကြားခဲ့သလို အင်ဒိုနီးရှားကလည်း သူ့ကျန်းမာရေးကြောင့် ဆေးခြောက်သုံးစွဲတယ်ဆိုတာကို အတည်ပြုပေးထားတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ကီရိုဘိုကန် အကျဉ်းထောင်ဟာ နိုင်ငံခြားသားတွေ အဓိက လာရောက်လည်ပတ်တဲ့ ဘာလီကျွန်း ကူတာဧရိယာနဲ့ ၆ မိုင်အကွာမှာ တည်ရှိတာပါ။ အဲဒီအကျဉ်းထောင်ဟာ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးထိန်းသိမ်းရာမှာ မကြာခဏ အသုံးပြုတဲ့ထောင်လည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up