A d v e r t i s e m e n t With Us

ရခိုင်ပြည်နယ်အတွက် အိန္ဒိယက တစ်နှစ် အမေရိကန်ဒေါ်လာ ၅ သန်းထောက်ပံ့မည်

  အိန္ဒိယက ရခိုင်ပြည်နယ်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၅)သန်းထောက်ပံ့ မယ့်ကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနက နိုင်ငံခြားရေးအတွင်းဝန် ဒေါက်တာ ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဇင်ဘာ ၂၀ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ ဧည့်ခန်းမမှာတွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံစဉ် အိန္ဒိယက ရခိုင်ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးရေး အထောက်အပံ့အဖြစ် (၅)နှစ်တာကာလအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၅)သန်းထောက်ပံ့မယ့် “မြန်မာ- အိန္ဒိယနှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ” အား နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စ ရပ်တွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အိန္ဒိယအစိုးရဟာ ရခိုင်အရေးမှာ မြန်မာအစိုးရဘက်က မားမားမတ်မတ်ရပ်တည် ထောက်ခံပေးသလို လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေလည်း အဆက်မပြတ်ပေးနေ တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up