A d v e r t i s e m e n t With Us

WannaCry ဆိုက်ဘာတိုက်ခိုက်မှု မြောက်ကိုရီးယားကို အမေရိကန် လူသိရှင်ကြား ပြစ်တင်

ဓာတ်ပုံ - ရိုက်တာ
အခုနှစ်မေလက ဆေးရုံ၊ ဘဏ်နဲ့ တခြားကုမ္ပဏီတွေအပေါ် ဆိုက်ဘာတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကို အမေရိကန်က လူသိရှင်ကြား ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်နဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီတို့ဟာလည်း မြောက်ကိုရီးယားရဲ့ ဆိုက်ဘာတိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ပြီးခဲ့တဲ့သီတင်းပတ်က ရှင်းလင်းနိုင်ခဲ့ပါတယ်။ WannaCry လို့ အမည်ပေးထားတဲ့ မြောက်ကိုရီးယားရဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အမိမြေလုံခြုံရေးအကြံပေး တွမ်ဘားဆတ်က “အသေအချာ စုံစမ်းစစ်ဆေးအပြီးမှာ WannaCry ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကို လူသိရှင်ကြား ပြစ်တင်ပြောကြားပါတယ်။ ဒီစွပ်စွဲချက်ကို ကျနော်တို့ ခပ်ပေါ့ပေါ့လေးလုပ်တာ မဟုတ်ပါဘူး။ အထောက်အထားနဲ့ ပြောတာဖြစ်သလို ကျနော်တို့ရဲ့ မိတ်ဘက်နိုင်ငံတွေနဲ့ အတူပြုလုပ်တာလည်း ဖြစ်ပါတယ်။ တခြား အစိုးရတွေ၊ ကုမ္ပဏီတွေဟာလည်း ကျနော်တို့နဲ့ သဘောတူပါတယ်။ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နဲ့ ဂျပန်တို့ဟာ ကျနော်တို့ရဲ့ လေ့လာသုံးသပ်မှုကို သိကြပြီးဖြစ်ပြီး ဒီ WannaCry ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကို ပြစ်တင်ပြောဆိုတဲ့ကိစ္စမှာ သူတို့လည်း ပူးပေါင်းပါဝင်ကြပါတယ်” လို့ ပြောကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up