A d v e r t i s e m e n t With Us

ဖြိုးကိုကိုတင့်ဆန်းကို လက်နက်ပုဒ်မဖြင့် ထပ်မံအမှုဖွင့်

ACE ကုမ္ပဏီဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်းကို ရန်ကုန်၊ ဗဟန်းမြို့မရဲစခန်းမှာ  လက်နက်ပုဒ်မနဲ့  ထပ်မံအမှုဖွင့် အရေးယူထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လိုင်စင်မရှိဘဲ ခဲယမ်းတွေ လက်ဝယ်ထားရှိသူ ဖြိုးကိုကိုတင့်ဆန်းနဲ့ ခဲယမ်းတွေ ဝယ်ပေးပြီး ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ချမ်းငြိမ်းတို့နှစ်ဦးကို ဒီဇင်ဘာ ၁၉ ရက်က ဗဟန်းမြို့မရဲစခန်းမှာ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ)/(က)နဲ့  ထပ်မံ အမှုဖွင့် စစ်ဆေးနေတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်က  ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁)ရပ်ကွက် ငွေဝတ်မှုန်ရိပ်သာလမ်းရှိ ဖြိုးကိုကိုတင့်ဆန်းနေထိုင်တဲ့ နေအိမ်အတွင်းကနေ စိတ်ကြွဆေးပြား ၂ ပြား၊ ICE အမှုန့် တွေကပ်နေတဲ့ ပလတ်စတစ် ကပ်ခွာအိတ် ၁ အိတ်၊ ၅.၅၆ ကျည် ၃ တောင့်တို့ ရှာဖွေတွေ့ရှိလို့ အခုလို ထပ်မံ အမှုဖွင့်တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၅ရက်က နေပြည်တော်လေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ ဖြိုးကိုကိုတင့်ဆန်းပါ ၁၅ ဦးကို စုစုပေါင်း အမှု ၁၇ မှုနဲ့ဖမ်းဆီးပြီး နိုဝင်ဘာလဆန်းမှာ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up