Home
မြန်မာသတင်း
ဘဏ်အတိုးနှုန်း ၃ ဆ လျှော့ချရန် မြန်မာနိုင်ငံဘဏ်များအသင်းဆုံးဖြတ်
ပိုင်စိုး
·
December 20, 2017
  နေ့စဉ်အတိုးတွက်ချက်ပေးတဲ့ Call Deposit ခေါ်ယူအပ်ငွေအတွက် အတိုးနှုန်းကို ၃ ဆအထိ လျှော့ချဖို့ မြန်မာနိုင်ငံဘဏ်များအသင်းက ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ လာမယ့် ဇန်နဝါရီ ၂ ရက်နေ့က စပြီး အတိုးနှုန်းကို ၂ ရာခိုင်နှုန်းပြောင်းလဲသတ်မှတ်ဖို့ မြန်မာနိုင်ငံဘဏ်များအသင်းရဲ့ဗဟိုအလုပ်မှုဆောင်အဖွဲ့ အထူးအစည်းအဝေးက ဆုံးဖြတ်တာလို့ ကမ္ဘောဇဘဏ်က ထုတ်ပြန်ပါတယ်။ ခေါ်ယူအပ်ငွေစာရင်းအပေါ် အတိုးနှုန်းပေးတဲ့ နှုန်းထားတွေဟာ အပ်ငွေအပေါ်မူတည်ပြီး ပေးတဲ့ နှုန်းထားတွေ တဘဏ်နဲ့ တဘဏ် မတူခဲ့ကြဘဲ ၈ ရာခိုင်နှုန်းအထိ ပေးခဲ့ကြပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး  အတိုးနှုန်းကို ၆ ရာခိုင်နှုန်းပေးဖို့၊ ငွေပမာဏ မခွဲခြားဖို့နဲ့ ၃ လတကြိမ် ပေးဖို့ မြန်မာနိုင်ငံဘဏ်များအသင်းက ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဗဟိုဘဏ်ကတော့ အပ်ငွေအပေါ် တနှစ်မှာ အများဆုံးအတိုးနှုန်း ၁၀ ရာခိုင်နှုန်း၊ ချေးငွေအပေါ် အများဆုံး အတိုးနှုန်း ၁၃ ရာခိုင်နှုန်း သတ်မှတ်ပေးထားပါတယ်။ ဒီအသင်းမှာ ပြည်တွင်းဘဏ်ပေါင်း ၂၆ ခု ပါဝင်တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024