A d v e r t i s e m e n t With Us

ဘဏ်အတိုးနှုန်း ၃ ဆ လျှော့ချရန် မြန်မာနိုင်ငံဘဏ်များအသင်းဆုံးဖြတ်

  နေ့စဉ်အတိုးတွက်ချက်ပေးတဲ့ Call Deposit ခေါ်ယူအပ်ငွေအတွက် အတိုးနှုန်းကို ၃ ဆအထိ လျှော့ချဖို့ မြန်မာနိုင်ငံဘဏ်များအသင်းက ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ လာမယ့် ဇန်နဝါရီ ၂ ရက်နေ့က စပြီး အတိုးနှုန်းကို ၂ ရာခိုင်နှုန်းပြောင်းလဲသတ်မှတ်ဖို့ မြန်မာနိုင်ငံဘဏ်များအသင်းရဲ့ဗဟိုအလုပ်မှုဆောင်အဖွဲ့ အထူးအစည်းအဝေးက ဆုံးဖြတ်တာလို့ ကမ္ဘောဇဘဏ်က ထုတ်ပြန်ပါတယ်။ ခေါ်ယူအပ်ငွေစာရင်းအပေါ် အတိုးနှုန်းပေးတဲ့ နှုန်းထားတွေဟာ အပ်ငွေအပေါ်မူတည်ပြီး ပေးတဲ့ နှုန်းထားတွေ တဘဏ်နဲ့ တဘဏ် မတူခဲ့ကြဘဲ ၈ ရာခိုင်နှုန်းအထိ ပေးခဲ့ကြပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး  အတိုးနှုန်းကို ၆ ရာခိုင်နှုန်းပေးဖို့၊ ငွေပမာဏ မခွဲခြားဖို့နဲ့ ၃ လတကြိမ် ပေးဖို့ မြန်မာနိုင်ငံဘဏ်များအသင်းက ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဗဟိုဘဏ်ကတော့ အပ်ငွေအပေါ် တနှစ်မှာ အများဆုံးအတိုးနှုန်း ၁၀ ရာခိုင်နှုန်း၊ ချေးငွေအပေါ် အများဆုံး အတိုးနှုန်း ၁၃ ရာခိုင်နှုန်း သတ်မှတ်ပေးထားပါတယ်။ ဒီအသင်းမှာ ပြည်တွင်းဘဏ်ပေါင်း ၂၆ ခု ပါဝင်တာပါ။

A d v e r t i s e m e n t With Us

More News
Up