A d v e r t i s e m e n t With Us

ဟူသီသူပုန်များ၏ ပဲ့ထိန်းဒုံးကျည်တစင်းကို ပစ်ချခဲ့ဟု ဆော်ဒီ ပြော

ဓာတ်ပုံ - ရိုက်တာ
ဆော်ဒီအာရေးဘီးယားနိုင်ငံ မြို့တော် ရီယာ့ဒ်ကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ယီမင်ရှိ ဟူသီသူပုန်တွေရဲ့ ပဲ့ထိန်းဒုံးကျည်တစင်းကို ပစ်ချခဲ့တယ်လို့ ဆော်ဒီလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁၉ ရက်မှာ ပြောကြားသွားပါတယ်။ ယီမင်နိုင်ငံက အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေကလည်း ဒုံးကျည်ပစ်ခတ်နေတဲ့ ဗွီဒီယိုဖိုင်ကို ဒီဇင်ဘာ ၁၉ ရက်က ထုတ်လွှင့်ခဲ့ပါတယ်။ ဟူသီသူပုန်တွေ ပစ်လွှတ်တဲ့ ဒုံးကျည်နဲ့ ဆော်ဒီအာရေးဘီးယားက ပစ်ချလိုက်တဲ့ ဒုံးကျည်ဟာ အတူတူ ဟုတ်မဟုတ်ကိုတော့ ရိုက်တာသတင်းဌာနက အတည်ပြုချက် မရနိုင်ခဲ့ပါဘူး။ အခုလို ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးတဲ့သတင်း ဖော်ပြတာတော့ မရှိသေးပါဘူး။ ဆော်ဒီခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေတဲ့ အယ်လ်ယာမာမာ နန်းတော်ကို ဒုံးကျည်နဲ့ ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ ယီမင်နိုင်ငံရှိ ဟူသီသူပုန်တွေက ပြောပါတယ်။ ယီမင်နိုင်ငံမှာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့နဲ့ အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီသူပုန်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up