ထိုင်းတွင် နိုင်ငံရေးလှုပ်ရှားမှု တားမြစ်ထားခြင်းအား ရုပ်သိမ်းပေးမည်

ဓာတ်ပုံ - ရိုက်တာ
1.5K
ထိုင်းနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ တားမြစ်ထားတာကို ရုပ်သိမ်းပေးပြီး ၂၀၁၈ အထွေထွေ ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးတော့မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်က ၂၀၁၄ ခုနှစ် အာဏာသိမ်းကတည်းက စပြီး နိုင်ငံရေး လှုပ်ရှားမှုတွေကို တားမြစ်ထားတာပါ။
အဓိက နိုင်ငံရေးပါတီကြီးတွေက အဲဒီလို တားမြစ်တာကို ဖယ်ရှားပြီး ရွေးကောက်ပွဲ ကျင်းပခွင့်ပြုဖို့ အစိုးရကို လနဲ့ချီပြီး တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
အခုလို ဝန်ကြီးချုပ် ပရာယွတ်က တားမြစ်ထားတာကို ဖယ်ရှားလိုက်တယ်ဆိုတဲ့ ကြေညာချက်ကို အစိုးရ ဝေဖန်သူတွေက ချီးကျူးခဲ့ကြပါတယ်။
ထိုင်းအာဏာသိမ်းခေါင်းဆောင်ဖြစ်တဲ့ ပရာယွတ်ဟာ လာမယ့် ၂၀၁၈ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောကြားခဲ့ပြီး အဲဒီသတင်းကို ရင်းနှီးမြှပ်နှံသူတွေက အားပါးတရ ကြိုဆိုခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။