မန်စီးတီး ကစားသမားကောင်းများ ထပ်ခေါ်ပါက ယှဉ်ပြိုင်ရန် ပိုခက်သွားမည်ဟု ကွန်တီ ပြော

1.6K
မန်စီးတီးအသင်းအနေနဲ့ ကစားသမားကောင်းတွေ ထပ်ခေါ်မယ်ဆိုရင် ယှဉ်ပြိုင်ဖို့ ပိုမိုခက်ခဲသွားလိမ့်မယ်လို့ ချဲလ်ဆီးနည်းပြ ကွန်တီက ပြောလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ၁၆ ပွဲဆက် နိုင်ပွဲဆက်တိုက်စံချိန်နဲ့ ပရီးမီးယားလိဂ်မှာ ဦးဆောင်နေပေမယ့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားတွေထပ်ခေါ်ဖို့ ရှိနေတာပါ။
အသင်းတိုင်းက ရည်မှန်းချက်ကိုယ်စီ ရှိကြပေမယ့် မန်စီးတီးအသင်းက ကစားသမားကောင်းတွေ အားလုံးကို ခေါ်ယူနေမယ်ဆိုရင် ပရီးမီးယားလိဂ်တင်မဟုတ်ဘဲ ဥရောပမှာပါ ပြိုင်ဘက်ကင်းသွားလိမ့်မယ်လို့ ကွန်တီက ဆိုပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ချဲလ်ဆီးအသင်းကလည်း အပြိုင်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။