Home
မြန်မာသတင်း
မိတ္ထီလာဈေးစည်ပင်ဝန်ထမ်းကို တုတ်ဖြင့်ရိုက်သည့်အမျိုးသမီးဈေးသည်အား အမှုဖွင့်
DVB
·
December 19, 2017
  မိတ္ထီလာမြို့က မြို့မဈေးကြီး ဈေးပတ်လမ်းပိတ်ဆို့မှု မရှိအောင် ဈေးစည်းကမ်းထိန်းသိမ်းရေးက ဖယ်ရှားရှင်းလင်းရာ အမျိုးသမီးဈေးသည် တစ်ယောက်က စည်ပင်ဝန်ထမ်းကို တုတ်နဲ့ရိုက်တဲ့အတွက် ၀တ္တရားနှောင့်ယှက်မှုနဲ့ မနေ့က အမှုဖွင့်ထားတယ်လို့ မိတ္ထီလာအမှတ်(၂)ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဈေးသည်တွေကို ဖယ်ရှားရှင်းလင်းတဲ့ စည်ပင်ဝန်ထမ်းဦးတင်ဝင်းကို မိတ္ထီလာမြို့နယ် လူခင်းကြီးရွာနေ ဖက်ပွင့်ရောင်းတဲ့ ဒေါ်သင်းသင်းအောင်မှ မကျေနပ်တဲ့အတွက် သစ်သားတုတ်နဲ့ ရိုက်နှက်ခဲ့တာပါ။ အလုပ်တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းကို ရိုက်နှက်ခဲ့တဲ့အတွက် စည်ပင်သာယာရေး ဌာန ဒုဦးစီးမှူးက တရားလိုလုပ်ပြီး အမှုဖွင့်လာတယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။ မိတ္ထီလာအမှတ် (၂) ရဲစခန်း ဒုရဲအုပ်အောင်သိုက်က “ဦးတင်ဝင်းမှာ ဦးခေါင်းနောက်စေ့ နဲ့ ဘယ်ဘက်ချိုစောင်း ပေါက်ပြဲတယ်။ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်။ မစိုးရိမ်ရဘူး”လို့ ပြောပါတယ်။ စည်ပင်ဒုဦးစီးမှူး ဦးကိုကိုကျော်က “ဈေးပတ်လမ်း မပိတ်အောင် ယာဉ်အန္တရာယ်မဖြစ်အောင် ပျံကျဈေးသည်တွေ လမ်းပေါ်တက်ရောင်းရင် ဖယ်ရှားဖို့ ဦးတင်ဝင်းကို တာဝန်ပေးထားတယ် ဒေါ်သင်းသင်းအောင်းရဲ့ ဈေးတောင်းလမ်းပေါ်ရောက်နေလို့ ဖယ်ခိုင်းတာ ဖယ်ပေးပြီးမှ တုတ်နဲ့ ရိုက်လိုက်တယ်၊ အလုပ်ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်လိုက်တယ်"လို့ပြောပါတယ်။ မိတ္ထီလာမြို့ အမှတ်(၂)ရဲစခန်းမှာ ဒေါ်သင်းသင်းအောင်ကို အလုပ်ဝတ္တရား နှောင့်ယှက်မှု၊ တုံးသောလက်နက်နဲ့ ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၅၃/၃၂၅ နဲ့ အမှုဖွင့်ထား ပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024