A d v e r t i s e m e n t With Us

တပ်မတော်ဘောလုံးသမား ၁ ဦး ဘောလုံးပြိုင်ပွဲ ကစားရင်း ကွင်းထဲ လဲကျသေဆုံး

ဘောလုံးကစားရင်း ကွင်းထဲမှာ လဲကျပြီး သေသွားတဲ့ လပခ အသင်းတိုက်စစ်မှူး ဗညားရဲ့ ကျန်ရစ်တဲ့ မိသားစုကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နာရေးထောက်ပံ့ကူညီခဲ့ပါတယ်။ အသက် (၂၄) နှစ်အရွယ် ဘောလုံးသမား ဗညားဟာ ဒီဇင်ဘာ ၁၅ ရက်က မင်္ဂလာဒုံကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကက(ရေ) နဲ့  လပခ ပွဲမှာ  ကွင်းအတွင်း လဲကျခဲ့ပြီးနောက် ဆေးကုသမှု ခံယူခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ  တပ်မတော်မှာ တပ်ကြပ်ကြီးရာထူးနဲ့  တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လပခ အသင်းက အားထားရတဲ့ ကစားသမားတဦးလည်း ဖြစ်တယ်လို့ အဖွဲ့ချုပ်သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေဟာ ဘောလုံးသမား ဗညား နေထိုင်တဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပုခန်းငယ်ရွာရှိ နေအိမ်ကို သွားရောက်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေကို တွေ့ဆုံအားပေး နှစ်သိမ့်ခဲ့ပါတယ်။ Photo : Myanmar Football Federation

A d v e r t i s e m e n t With Us

More News
Up