A d v e r t i s e m e n t With Us

ဗြိတိန်သံရုံးဝန်ထမ်း အမျိုးသမီးကို သတ်ဖြတ်မှုဖြင့် အူဘာ တက္ကစီယာဉ်မောင်းအား ဖမ်းဆီး

အသတ်ခံလိုက်ရသည့် ဗြိတိန်သံရုံးဝန်ထမ်း ရေဗက္ကာဒိုက်စ်။ (ဓာတ်ပုံ - Family handout)
လက်ဘနွန်နိုင်ငံမှာ ဗြိတိန်သံရုံးဝန်ထမ်း အမျိုးသမီးကို သတ်ဖြတ်မှုနဲ့ သံသယရှိသူ အူဘာတက္ကစီ ယာဉ်မောင်းတဦးကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီယာဉ်မောင်းဟာ အရင်က ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ မှတ်တမ်းရှိပြီး ဒီဇင်ဘာ ၁၆ ရက်နေ့ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကို ချက်ချင်းဝန်ခံခဲ့တယ်လို့ လက်ဘနွန်လုံခြုံရေး အကြီးအကဲက ပြောကြားခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံပိုင် သတင်းအေဂျင်စီ (NNA) က ထုတ်ပြန်ရာမှာတော့ တက္ကစီယာဉ်မောင်းဟာ သံရုံးဝန်ထမ်း ရေဗက္ကာဒိုက်စ်ကို ဒီဇင်ဘာ ၁၅ ရက် သောကြာနေ့ ညမှာ ကားနဲ့သွားကြိုခဲ့ပြီး အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အူဘာတက္ကစီကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ်က “အခုလို အသိတရားမဲ့တဲ့ အကြမ်းဖက်လုပ်ရပ်အတွက် ကျေန်ာတို့ ထိတ်လန့်မိပြီး သေဆုံးခဲ့သူရဲ့ မိသားစုနဲ့အတူ ထပ်တူ ကြေကွဲရပါတယ်။ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာနဲ့အတူ ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ အီးမေးလ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ လူသတ်တရားခံကို ဖမ်းဆီးရမိတာဟာ ပြည်တွင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကျွမ်းကျင်မှုကို သက်သေပြလိုက်တာဖြစ်တယ်လို့ လက်ဘနွန်ပြည်ထဲရေးဝန်ကြီး နိုဟတ်မာနော့ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up