Home
အနုပညာ
အိမ်ထောင်ရှင် ပရဟိတအလှမယ်ဆုကို မကွေးတိုင်း ပဒါန်းကျေးရွာသူ မနီနီဝင်း ဆွတ်ခူး
DVB
·
December 19, 2017
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြို့တော်ခန်းမမှာ ဒီဇင်ဘာ ၁၈ ရက်ညက ကျင်းပတဲ့ Mrs. Royal Beauty of Magway 2017 ပြိုင်ပွဲမှာ မကွေးကိုယ်စားပြု အိမ်ထောင်ရှင်ပရဟိတ အလှမယ်ဆုကို ငဖဲမြို့နယ် ပဒါန်းကျေးရွာမှ မနီနီဝင်းက ရရှိသွားပါတယ်။ ပွဲစီစဉ်ကျင်းပတဲ့ Smart & Charity Organization မှ CEO ဒေါ်နွယ်နီနိုင်က “ထက်မြက် လှပတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့ အရည်အသွေးတွေကို ဖော်ထုတ်ပြသချင်လို့ ဒီပွဲ ကျင်းပရတာပါ။ အနယ်နယ် အရပ်ရပ်က ပြိုင်ပွဲဝင် ၁၈ ဦး လာရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အသက်အရွယ်ကတော့ ၁၈ နှစ်ကနေ ၆၀ နှစ်ကြား အိမ်ထောင်ရှင်တွေ လာရောက်ယှဉ်ပြိုင်တာ များပါတယ်” လို့   ဒီဗွီဘီကို ပြောပါတယ်။ ၂၀၁၈ ခုနှစ်မှာကျင်းပမယ့်  Mrs. Royal Beauty of Myanmar နိုင်ငံကိုယ်စားပြု အိမ်ထောင်ရှင် ပရဟိတအလှမယ်ရွေးချယ်နိုင်ဖို့အတွက်  ခုကတည်းက ပြည်နယ်နဲ့တိုင်းအလိုက် မြို့ကိုယ်စားပြု အလှမယ်တွေကို လာရောက်ရွေးချယ်တာ ဖြစ်ပါတယ်။ ပဒါန်းကျေးရွာက အိမ်ထောင်ရှင် ပရဟိတ အလှမယ်ဆုရှင် မနီနီဝင်းက “အရမ်းပျော်ရွှင်နေပါတယ်။ သူငယ်ချင်း အပေါင်းသင်း ခင်ပွန်းတို့ရဲ ပံ့ပိုးမှုနဲ့ Facebook Page ကနေတဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ပရဟိတလုပ်ငန်းနဲ့ အနုပညာ လုပ်ငန်းတွေ ဆက်လက်ကြိုးစား လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။ သတင်း - မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024