A d v e r t i s e m e n t With Us

ဘင်္ဂလားဒေ့ရှ်တွင် အခမဲ့ဝေသည့် စားစရာရရေး တိုးဝှေ့ရာမှ လူ ၁၀ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှာ အခမဲ့ဝေပေးတဲ့ စားစရာရဖို့ ရာနဲ့ချီတဲ့လူတွေ ဒီဇင်ဘာ ၁၈ ရက်နေ့က အတင်းတိုးဝှေ့ရာမှ လူ ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရတယ်လို့ စစ်တကောင်းရဲဌာနက ပြောပါတယ်။ အလောင်းတွေကို ထမ်းစင်နဲ့တင်ထားလို့ စစ်တကောင်း ဆေးကောလိပ် ဆေးရုံမှာ ဆွေမျိုးတွေ ဝမ်းနည်းပူဆွေးနေတာပါ။ ဒဏ်ရာရသူ ၁၀ ဦးကို အရေးပေါ် လူနာဆောင်မှာ ကုသပေးနေတယ်လို့ စစ်တကောင်း ရဲကော်မရှင်နာ မင်းကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒဏ်ရာရ လူနာတွေအတွက် အကောင်းဆုံး ကုသပေးတာ သေချာစေဖို့ ဆရာဝန်တွေကို ပြောထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။ နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့က မြို့တော်ဝန်ဟောင်း မိသားစုက ရိက္ခာထုပ်တွေ ဝေပေးချိန်မှာ အစုလိုက် အပြုံလိုက် လူနင်းမိမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up