ရှစ်လေးလုံးပါတီဟုအမည်ပေးသည့်အပေါ် ဝေဖန်မှုများကို ဦးကိုကိုကြီး ပြန်လည်ဖြေရှင်း (ရုပ်သံ)
ပြည့်ဘုန်းအောင်
·
December 19, 2017
ဦးကိုကိုကြီးဦးဆောင်ပြီး ၈၈ မျိုးဆက်တချို့ပါဝင်တဲ့ ပါတီသစ်တစ်ခုကို ရှစ်လေးလုံးပါတီလို့ အမည်ပေးဖွဲ့စည်းလိုက်တဲ့အပေါ် လတ်တလောမှာ ဝေဖန်မှုတွေများစွာ ထွက်ပေါ်နေပါတယ်။
ရှစ်လေးလုံးသမိုင်းဖြစ်စဉ်တစ်ခုလုံးကို ပါတီက အပိုင်းသိမ်းပိုက်လိုက်တယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးက အခုလို ပြန်လည်ဖြေရှင်းလိုက်တာပါ။
“ရှစ်လေးလုံးပါတီကို အခုရက်ပိုင်းအတွင်းမှာ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီ မှတ်ပုံတင်သွားမှာပါ။ ပါတီအလံနဲ့ တံဆိပ်ကိုတော့ အဝါရောင်နောက်ခံမှာ ၈ဂဏန်း လေးလုံးနဲ့ ဒီဇိုင်းဆင်ထားပါတယ်။ ရှစ်လေးလုံးကြွေးကြော်သံဖြစ်တဲ့ ဒီမိုကရေစီရရှိရေး ဆိုတဲ့အချက်ဟာ လက်ရှိအချိန်ထိ တိတိကျကျအကောင်အထည် မဖော်နိုင်သေးတာကြောင့် ပါတီထောင်ရခြင်း ဖြစ်တယ်”လို့ ဦးကိုကိုကြီးက ပြောပါတယ်။
သတင်း = ပြည့်ဘုန်းအောင်