A d v e r t i s e m e n t With Us

နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ ကေပေါ့ပ်ကြယ်ပွင့် ဂျွန်ဟွန်း ကိုယ့်ကိုယ်ကိုယ် သတ်သေ

ဓာတ်ပုံ - SHINee/Facebook
ကေပေါ့ပ်ကြယ်ပွင့်တဦးဖြစ်တဲ့ ဂျွန်ဟွန်းရဲ့ ရုတ်တရက်သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုဖြစ်တယ်လို့ တောင်ကိုရီးယားရဲတွေရဲ့ အဆိုကို ကိုးကားပြီး ဆိုးလ်အခြေစိုက် ယွန်ဟပ်သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။ ဂျွန်ဟွန်းဟာ နာမည်ကြီး အမျိုးသားတေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ SHINee အဖွဲ့ဝင်တဦးဖြစ်ကာ ဆိုးလ်မြို့တောင်ပိုင်း နေအိမ်တိုက်ခန်းတွင်းမှာ ဒီဇင်ဘာ ၁၈ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆း၁၀ နာရီမှာ သေဆုံးသွားခဲ့တာပါ။ သူ့ကို တိုက်ခန်းတွင်း သတိလစ်နေတာကို တွေ့ရပြီး လဲကျနေတဲ့ သူ့အနားမှာ ကျောက်မီးသွေးမှုန့်တွေ လောင်နေတဲ့ ဒယ်အိုးတလုံးကို တွေ့ခဲ့ရတာပါ။ အဲဒီအိုးကနေ ကာဗွန်မိုနောက်ဆိုက် အဆိပ်ငွေ့တွေ ထွက်နေတာကိုလည်း စစ်ဆေးတွေ့ရှိရပြီး ဂျွန်ဟွန်းဟာ စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားခဲ့တာဖြစ်မယ်လို့ တောင်ကိုရီးယား သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြနေကြပါတယ်။ ရဲတွေရဲ့ သတင်းမှတ်တမ်းမှာတော့ သူဟာ ညီမဖြစ်သူဆီကို ဖုန်းနဲ့ နောက်ဆုံး မက်ဆေ့ခ်ျပို့ခဲ့ကာ “ငါ့မှာ ခက်ခဲတဲ့အချိန်တွေ ရှိခဲ့တယ်။ ငါ့ကို ထွက်သွားခွင့်ပြုပြီး ဒါဟာ အကောင်းလုံးလုပ်ဆောင်မှုတခုပါပဲ။ ဒါက နောက်ဆုံးပြောချင်တဲ့ စကားပါပဲ” လို့ ဖော်ပြပါရှိပါတယ်။ ညီမဖြစ်သူဟာ အရေးပေါ်ဌာနဆီ ဖုန်းဆက်သွယ်ပြီးနောက်မှာ ဂျွန်ဟွန်းရဲ့အခန်းကို ဖျက်ဝင်ခဲ့ပြီး သူ့ကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် အချိန်မမီတော့ပဲ သေဆုံးသွားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဖွဲ့ဝင် ၅ ဦးပါဝင်တဲ့ SHINee အဖွဲ့ကို တောင်ကိုရီးယား နာမည်ကျော် SM Entertainment က စင်တင်ပေးခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်၊ သြဂုတ်လမှာ သူတို့ရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ 'The Shinee World' ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ဒီသတင်းဆိုးကြောင့် အဖွဲ့ဝင်တွေရော၊ ကမ္ဘာတလွှားမှ ပရိသတ်တွေကပါ ဝမ်းနည်းနေကြတယ်လို့ သတင်းက ဆိုပါတယ်။ SM Entertainment ကတော့ ဂျွန်ဟွန်းရဲ့ ဈာပနအခမ်းအနားကို မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင်းပသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up