Home
မြန်မာသတင်း
ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ပြစ်ဒဏ်ကျခံပြီးနောက်ပြန်လွှဲပေး
DVB
·
December 19, 2017
25550568_355762424896429_7105141225809001107_n
25507842_355762328229772_8133333606567656134_n
25446439_355764354896236_6675096501210986019_n
25399058_355762404896431_2299460437007657718_n
25399038_355764404896231_6347781525031205501_n
25398968_355762491563089_7484045380210525397_n
25396138_355762364896435_6951296978122749378_n
25354117_355762444896427_4333657870409454588_n
  မြန်မာရေပိုင်နက်ထဲ တရားမ၀င် ငါးခိုးဖမ်းမှုနဲ့ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၆ ဦးကို ပြစ်ဒဏ်ကျခံပြီးနောက် ဒီဇင်ဘာ ၁၈ ရက်မနက်က မောင်တော နယ်စပ်ကုန်သွယ်ရေး ဂိတ်မှာ  နှစ်နိုင်ငံ အလံတင်အခမ်းအနားနဲ့  တရားဝင် လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ ၂၀၁၆ နိုဝင်ဘာလက မြန်မာနိုင်ငံပိုက်နက်ထဲ ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ |အုန်းကျွန်းရွာသား ၆ ဦးကို  မြန်မာနိုင်ငံလဝက ဥပဒေပုဒ်မ ၁၃ အရ အရေးယူခဲ့တာဖြစ်ပါတယ်။ ပြစ်ဒဏ်ကလွတ်မြောက်လာတဦးက "ဝမ်းသာပါတယ် အခုလို လွှဲပြောင်းပေးတာကို၊ ကျနော်တို့ကိုလည်း ထောင်မှာ ကောင်းကောင်းမွန်မွန်ထားပါတယ်။ နောက်နောင်လဲ ဒီလို ရေပိုင်နက်ကျူးကျော်ပြီး ငါးဖမ်းမိတာတွေကို ဆင်ဆင်ခြင်ခြင်လုပ်ပါမယ်"လို့ ပြောသွားပါတယ်။ ပြန်လွတ်လာသူတွေကို လွှဲပြောင်းလက်ခံယူခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်နက်ဖ် အခြေစိုက် တပ်မှူးတဦးဖြစ်တဲ့ ဆူဘာဒါ မိုဟာမက် အီဘရာဟင်ဟော့စ်စိန်က အခုလို အပြုသဘောဆောင် နှစ်နိုင်ငံချစ်ကြည်ရေးအနေနဲ့ ပြုလုပ်တာကိုဝမ်းသာကြိုဆိုပါတယ်လို့  ပြောပါတယ်။ မွန်းလွဲပိုင်းမှာ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ အပြန်အလှန်ပေးအပ်ကာ မောင်တောစခန်းကနေ ပြန်လွတ်မြောက်လာသူတွေကို  ခေါ်ဆောင်ကာ စက်လှေတွေနဲ့ ပြန်လည်ထွက်ခွါသွားခဲ့ကြပါတယ်။ သတင်း - မင်းကျော်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024