ဘော်ဒိုးလူငယ်ကြယ်ပွင့် မယ်ကွန်ကို ခေါ်ယူရန် မန်ယူ စိတ်ဝင်စား

418
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘော်ဒိုးလူငယ်ကြယ်ပွင့် မယ်ကွန်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အသက် ၂၀ ပဲရှိသေးတဲ့ ဘရာဇီး လူငယ်ကစားသမား မယ်ကွန်ဟာ တောင်ပံတလျှောက် နေရာစုံကစားနိုင်သူဖြစ်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။
မန်ယူနည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဘောလုံးကင်းထောက်တွေ စေလွှတ်ပြီး မယ်ကွန်ကို စောင့်ကြည့်ခိုင်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ်ကမှ ဘရာဇီးကလပ် ကိုရင်သီယန်အသင်းကနေ ပြောင်းရွှေ့လာတဲ့ မယ်ကွန်ဟာ ဘော်ဒိုးအသင်းအတွက် ၁၆ ပွဲ ပွဲထွက်ကစားခဲ့ရာမှာ ၇ ဂိုးအထိသွင်းပြီး ခြေစွမ်းပြနေပါတယ်။