ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို ပိုလန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်

  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို  ပိုလန်နိုင်ငံ University of Information Technology and Management in Rzeszow, Poland က  Honorary Doctorate in Business Administration  စီးပွားရေးစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ ဘွဲ့ပေးအပ်တဲ့ အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ နေအိမ်မြက်ခင်းပြင်မှာ ဒီဇင်ဘာ ၁၈ ရက်က ကျင်းပခဲ့ပြီး ဘွဲ့လက်ခံရယူခြင်းနဲ့ တက်ရောက်ချီးမြှင့်ကြတဲ့ ဧည့်သည်တော် တွေကို ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့တယ်လို့ ၀န်ကြီးချုပ်ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။ အဆိုပါဘွဲ့ပေးအပ်တဲ့ ပိုလန်တက္ကသိုလ်ဟာ  Robinson Business School Myanmar ရဲ့ မိတ်ဖက်တက္ကသိုလ်ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up