စတားဝါးစ် သိပ္ပံဇာတ်ကား အဖွင့်သီတင်းပတ်တွင် ရုံတင်ဝင်ငွေ ဒေါ်လာ သန်း ၄၅၀ ရ

ဓာတ်ပုံ - ရိုက်တာ
923
"Star Wars: The Last Jedi" သိပ္ပံဇာတ်ကားဟာ အဖွင့်သီတင်းပတ်မှာ တကမ္ဘာလုံး ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၅၀ နဲ့ နံပါတ်တစ်နေရာကို ရောက်ရှိခဲ့တယ်လို့ ဖြန့်ချိရေးကုမ္ပဏီ ဝေါ့ဒစ္စနေက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဖာဒီနန်နဲ့ ကိုကို အင်နီမေးရှင်း ဇာတ်ကားတွေကတော့ ရုံတင်ဝင်ငွေ ဒုတိယနဲ့ တတိယနေရာ ချိတ်ခဲ့ပါတယ်။
ဖာဒီနန် အင်နီမေးရှင်းဇာတ်ကားဟာ လေ့ကျင့်ရေးသင်တန်းကျောင်းကနေ လွတ်မြောက်လာတဲ့ နွားသိုးတကောင်ရဲ့ ဇာတ်လမ်းဖြစ်ပြီး ကိုကို အင်နီမေးရှင်း ဇာတ်ကားကတော့ မက္ကဆီကန် သေဆုံးသူများပွဲတော်ကို ရောက်ရှိသွားတဲ့ ကောင်လေးတဦးရဲ့ ဇာတ်လမ်း ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။